いろいろな言語(げんご)で見(み)ることができます。クリックしてください ↓
Available in different languages. Please click the button below ↓
日本語/にほんご 英語/English 中国語/中文 韓国語/한국어 ベトナム語/Tiếng Việt
タガログ語/Tagalog インドネシア語/Bahasa Indonesia ネパール語/नेपाली
ミャンマー語/မြန်မာဘာသာ タイ語/ภาษาไทย シンハラ語/සිංහල භාෂාව
ကိုရိုနာသတင်း : ကိုရိုနာကာကွယ်ဆေး
နောက်ဆုံး Update 2023年4月6日
- မြို့နယ်ရုံးနှင့် မြို့တော်ခန်းမ မှစာအိတ်ရောက်ရှိပါမည်။စာအိတ်ထဲတွင်အသိပေးစာ၊ပဏာမကျန်းမာရေးဆေးစစ်ချက်၊ကာကွယ်ဆေးထိုးနှံရမည့်လက်မှတ်(ကူပွန်လက်မှတ်)ပါရှိပါမည်။
- ဖုန်းအစရှိသဖြင့်တို့နှင့် ဘိုကင်လုပ်ရပါမည်။ဂျပန်ဘာသာဖြင့်ဘိုကင်လုပ်ရန်အခက်အခဲရှိပါက(ကိုရိုနာကာကွယ်ဆေးဘိုကင်လုပ်ရန်နှင့် ဖုန်းဘာသာပြန်ခြင်းဝန်ဆောင်မှု ) ၀၉၂-၆၈၇-၅၀၀၆သို့ဖုန်းဆက်၍နိုင်ငံခြားဘာသာစကားဖြင့်ဘိုကင်လုပ်နိုင်ပါသည်ကြိုတင်ရက်ချိန်းယူလိုပါက အောက်ရှိ B ကို ကြည့်ပေးပါ။
- ၃။ကာကွယ်ဆေးထိုးရန်သတ်မှတ်ထားသောနေရာသို့သွားရောက်၍ကာကွယ်ထိုးရပါမည်။
က: ကိုရိုနာကာကွယ်ဆေးနှင့်ပတ်သက်သည့်အခြေခံသတင်းအချက်အလက်
▶ ဂျပန်တွင်နေထိုင်ကြောင်းလက်မှတ်ရှိသူသာအကျုံးဝင်ပါမည်။
▶ ကာကွယ်ဆေးထိုးနှံခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်တစ်ရပ်အဖြစ်မသတ်မှတ်ထားပါ။
▶ ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိပါက ဘိုကင်တင်ရန်လိုအပ်ပါသည်။
▶ ကာကွယ်ဆေးထိုးရမည့်နေ့သည် မိမိနေထိုင်သောမြို့ရွာနှင့်အသက်အရွယ်အပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။
အောက်ပါအချက်ကိုကြည့်၍စစ်ဆေးနိုင်ပါသည်။
▶ ကာကွယ်ဆေးထိုးရမည့်နေရာတွင် ပုံစံ၂မျိုးသတ်မှတ်ထားပါသည်။
①၁၊ အဖွဲ့လိုက်ထိုးနှံခြင်း – ပြည်သူ့ခန်းမ၊ကျန်းမာရေးစင်တာအစရှိသည့်ကြီးမားသောအဆောက်အဦးများတွင်ပြုလုပ်ပါမည်။
②၂၊ တစ်ဦးချင်းထိုးနှံခြင်း – ဆေးရုံတွင်ပြုလုပ်ပါမည်။
အဖွဲ့လိုက်ထိုးနှံခြင်းလား၊တစ်ဦးချင်းထိုးနှံခြင်းလားဆိုတာကတော့မိမိနေထိုင်သောမြို့ရွာပေါ်မူတည်၍ကွဲပြားပါမည်။
အောက်တွင်ဖော်ပြထားသော Page မှတစ်ဆင့် စစ်ဆေးကြည့်ပါ။
▶ ယခုလက်ရှိထိုးနှံနိုင်မည့်ကာကွယ်ဆေးသည် PFizer ကုမ္ပဏီနှင့် Moderna ကုမ္ပဏီ၊တခဲဒ ကုမ္ပဏီ(Novavax )ထုတ်ဖြစ်ပါသည်။ဖြစ်ပါသည်။(2022 ခုနှစ် 11လပိုင်းအချိန်ထိ)
- (အလုပ်သမားဝန်ကြီးဌာန) ကာကွယ်ဆေးလမ်းညွှန် ; ကိုရိုနာကာကွယ်ဆေးထိုးနှံခြင်း ၏ လမ်းညွှန်ချက်ပေါင်းချုပ်(ဂျပန်ဘာသာ၊လွယ်ကူရိုးရှင်းသောဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာ)
- (အလုပ်သမားဝန်ကြီးဌာန) ကိုရိုနာကာကွယ်ဆေးနှင့်ပတ်သက်သည့် အမေး အဖြေ (ဂျပန်ဘာသာ)
- (အလုပ်သမားဝန်ကြီးဌာန) ကိုရိုနာကာကွယ်ဆေးနှင့်ပတ်သက်၍ (ဂျပန်ဘာသာ)
- (ဝန်ကြီးဌာနရုံး) ကိုရိုနာကာကွယ်ဆေးနှင့်ပတ်သက်၍ (ဂျပန်ဘာသာ)
- (ဝန်ကြီးဌာနရုံး) ကိုရိုနာကာကွယ်ဆေးနှင့်ပတ်သက်၍ (အဂ်လိပ်ဘာသာ)
A-2:ထပ်လောင်းထိုးနှံသောကာကွယ်ဆေးပက်သက်ပြီး(3ကြိမ်မြောက်မှစတင်၍ နောက်ပိုင်း) အသစ်
・သက်မှတ်ချက်နှင့်ကိုက်ညီသူသည် ၅နှစ် သို့မဟုတ် ၅နှစ်အထက်လူ ဖြစ်ပြီး ယခင်အကြိမ် ကိုလိုနာကာကွယ်ဆေးထိုးပြီးသက်မှတ်အချိန် ကာလကို ကျော်လွန်ပြီးသူ ဖြစ်ရပါမည်။
・ကာကွယ်ဆေးအမျိုးအစားသည် (ပထမအကြိမ်နှင့်ဒုတိယအကြိမ်) ကာကွယ်ဆေးအမျိုးအစားများနှင့် ကွဲလွဲနိုင်ပါသည်။
・ထပ်တိုးကာကွယ်ဆေးတွင် Pfizerကုမ္မဏီနှင့် Modernaကုမ္မဏီ၏ omicronရောဂါပိုး တိုက်ဖျက်ရေးကာကွယ်ဆေးထိုးခြင်း
သို့မဟုတ် Takedaကုမ္မဏီ(Novavax)ထုတ်ကာကွယ်ဆေးထိုးခြင်းကို ပြုလုပ်ပါမည်။
・ကာကွယ်ဆေးထပ်မံထိုးခြင်းသည် ၇-၅-၂၀၂၃တွင် တစ်ကြိမ် ပြီးမြောက်ခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် အသက် ၁၂နှစ်မှ၆၄နှစ်အရွယ် ပုံမှန်ကျန်းမာရေးကောင်းမွန်သူများက ထပ်တိုးကာကွယ်ဆေး ထိုးနိုင်သည့်အချိန်အား ၂၀၂၃ခုနှစ် ၉လပိုင်းမှစတင်မည့်အစီအစဉ်ဖြစ်ပါသည်။
ကိုးကား:
A-3:ကလေးသူငယ်ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပက်သက်ပြီး ( 5နှစ် ~ 11နှစ်) အသစ်
・ထိုးနှံပေးမည့်ကာကွယ်ဆေးမှာ PFizer ကုမ္ပဏီထုတ် 5နှစ် ~ 11နှစ်ကလေးငယ်များအတွက်ဖြစ်ပါသည်။▶ အိမ်သို့ရောက်ရှိမည့်စာရွက်စာတမ်း( ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်အစရှိသဖြင့်)
ကိုးကား
A-4:(မီးဖွားပြီး6လမှ ~ 4နှစ်ကလေးငယ်များအား(မွေးကင်းစကလေးသူငယ်များ)နှင့်ပက်သက်သော အသစ်
・ထိုးနှံပေးမည့်ကာကွယ်ဆေးမှာ PFizer ကုမ္ပဏီထုတ် 6လ~ 4နှစ်ကလေးများအတွက်ဖြစ်ပါသည်။
ကိုးကား
A-5:ကာကွယ်ဆေးထိုးနှံရန်အတွက်လုပ်ဆောင်ရန်အဆင့်ဆင့်
▶အိမ်သို့ရောက်ရှိမည့်စာရွက်စာတမ်း( ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်အစရှိသဖြင့်)
သတ်မှတ်အရည်အချင်းပြည့်မှီသူများထံသို့မိမိနေထိုင်သောမြို့၊မြို့နယ်များမှ ကာကွယ်ဆေး ထိုးနှံရန်အတွက်စာရွက်စာတမ်းများ(ကာကွယ်ဆေးထိုးခွင့်လက်မှတ်၊ပဏာမဆေးစစ်လွှာ၊ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊ရှင်းလင်းချက်စာရွက်အစရှိသည်တို့)ပေးပို့ပါမည်။
ထပ်လောင်းကာကွယ်ဆေးထိုးနှံရာတွင်ကာကွယ်ဆေးထိုးခွင့်လက်မှတ်၊ပဏာမဆေးစစ်လွှာ၊ကာကွယ်ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ်၊များသည် ယခင် ပ၊ဒုအကြိမ်ကာကွယ်ဆေးထိုးနှံသည့်ဆောင်ရွက်ပုံများနှင့်ကွဲလွဲသည်များရှိပြီး
တစုတစည်းဖြစ်အောင်ပြုလုပ်ထားနိုင်ပါသည်။
ဥပမာအားဖြင့် ပဏာမဆေးစစ်လွှာတွင်ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်အတူပါရှိခြင်း၊ကာကွယ်ဆေးထိုးခွင့်လက်မှတ်နှင့် ကာကွယ်ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ်မှာစာရွက်တစ်ရွက်တည်းပေါ်တွင် အတူပုံနှိပ်ရိုက်ထားခြင်းများအစရှိသဖြင့်ရှိနိုင်ပါသည်။
ထပ်လောင်းကာကွယ်ဆေးထိုးနှံရန်အတွက်စာရွက်စာတမ်းများပါဝင်သောစာအိတ်၏အရောင်နှင့်အဆင်ဒီဇိုင်းသည် ယခင် ပ၊ဒုကြိမ်နှင့် ကွဲလွဲနိုင်ပါသည်။
▶ ကြိုတင်ရက်ချိန်းရယူခြင်း
ရက်ချိန်းသည် ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်ရောက်ရှိပြီးမှ သာဆောင်ရွက်နိုင်ပါမည်။
ကြိုတင်ရက်ချိန်းယူခြင်းနည်းလမ်းသည်ပ၊ဒုကြိမ်တွင်ရယူခဲ့သောနည်းလမ်းများမှပြောင်းလဲနိုင်ပါသည်။ မိမိနေထိုင်သောမြို့၊မြို့နယ်အသီးသီး၏ ဝက်ဆိုဒ်တွင်သွားရောက်ကြည့်ရူခြင်း(သို့)မိမိနေထိုင်သောမြို့၊မြို့နယ်အသီးသီးသို့တိုက်ရိုက်စုံစမ်းမေးမြန်းပါ။ မိမိဘာသာဆက်သွယ်မေးမြန်းရန်အခက်အခဲရှိပါက Saga ယဉ်ကျေးမူပေါင်းစုံဖလှယ်ရေးစင်တာသို့အကြောင်းကြားပါ။
▶ သတိပြုရန်
ပ၊ဒုအကြိမ်ကိုရိုနာကာကွယ်ဆေးထိုးနှံပြီးနောက် မတူညီသည့်မြို့၊မြို့နယ်များသို့ပြောင်းရွေ့သွားသည့်လူထံသို့ထပ်လောင်းကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်ရောက်ရှိမည်မဟုတ်ပါ။ မိမိဘာသာ အသစ်ပြောင်းရွှေ့ရောက်ရှိနေသောမြို့၊မြို့နယ်ရုံးတွင်စုံစမ်းမေးမြန်းရန်လိုအပ်ပါသည်။ မိမိဘာသာဆက်သွယ်မေးမြန်းရန်အခက်အခဲရှိပါက Saga ယဉ်ကျေးမူပေါင်းစုံဖလှယ်ရေးစင်တာသို့အကြောင်းကြားပါ။
ခ။ အသိပေးအကြောင်းကြားစာ ၊ ဘိုကင်လုပ်ခြင်းနှင့်ပတ်သက်၍
ဂ။ နိုင်ငံခြားဘာသာစကားဆွေးနွေးနိုင်သောနေရာ (ဖုန်းနပါတ်နေရာကိုနှိပ်လိုက်ပါက ဖုန်းပြော၍တိုင်ပင်နိုင်ပါသည်။)
ဖြေကြားပေးနိုင်မည့်ဘာသာစကားများ ဂျပန်ဘာသာ၊အဂ်လိပ်ဘာသာ၊ တရုတ်ဘာသာ၊ကိုရီးယားဘာသာ၊ ပေါ်တူဂီဘာသာ၊စပိန် ဘာသာ၉:၀၀-၂၁:၀၀
ထိုင်းဘာသာစကား ၉:၀၀-၁၈:၀၀ ဗီယက်နမ်ဘာသာစကား ၁၀:၀၀-၁၉:၀၀
- Saga ခရိုင် -အကြံပေး ၊ ဆွေးနွေးရာစင်တာ 092-687-5535
→ ကိုရိုနာဟုသံသယရှိလာပါက ဘယ်လိုဆက်လုပ်ရမည်ဆိုသည်ကို လမ်းညွှန်ပြောပြပေးပါမည်။)
ဆက်သွယ်နိုင်မည့်အချိန် 24時間(じかん)
လက်ခံဆောင်ရွက်ပေး သောဘာသာစကားအင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ထိုင်းဘာသာစကား၊ဗီယက်နမ် ဘာသာစကား၊အင်ဒိုနီးရှားဘာသာစကား၊ဖိလစ်ပိုင်ဘာသာစကား၊နီပေါဘာသာစကား၊ပေါ်တူဂီဘာသာစကား၊ပြင်သစ်ဘာသာစကား၊ဂျာမဏီဘာသာစကား၊အီတလီဘာသာစကား၊ရုရှားဘာသာစကား၊မလေးရှားဘာသာစကား၊မြန်မာဘာသာစကား၊ကမ္ဘောဒီးယားဘာသာစကား၊မွန်ဂိုဘာသာစကား၊သီရိလင်္ကာဘာသာစကား၊ဟင်ဒီ(ဟိန္ဒူ)ဘာသာစကား၊(စုစုပေါင်းဘာသာစကား အမျိုး၂၀)
→ ကာကွယ်ဆေး၏ကောင်းကျိုး၊ဘေးထွက်ဆိုးကျိုးအစရှိသည့်တို့အားရှင်းပြပါမည်။
ဆက်သွယ်နိုင်မည့်အချိန် ၈:၃၀-၁၇:၀၀
လက်ခံဆောင်ရွက်ပေး သောဘာသာစကားအင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ထိုင်းဘာသာစကား၊ဗီယက်နမ်ဘာသာစကား၊အင်ဒိုနီးရှားဘာသာစကား၊ဖိလစ်ပိုင်ဘာသာစကား၊နီပေါဘာသာစကား၊ပေါ်တူဂီဘာသာစကား၊ပြင်သစ်ဘာသာစကား၊ဂျာမဏီဘာသာစကား၊အီတလီဘာသာစကား၊ရုရှားဘာသာစကား၊မလေးရှားဘာသာစကား၊မြန်မာဘာသာစကား၊ကမ္ဘောဒီးယားဘာသာစကား၊မွန်ဂိုဘာသာစကား၊သီရိလင်္ကာဘာသာစကား၊ဟင်ဒီ(ဟိန္ဒူ)ဘာသာစကား၊(စုစုပေါင်းဘာသာစကား အမျိုး၂၀)
- (Saga ခရိုင်) ကိုရိုနာကာကွယ်ဆေး ဘိုကင်တင်ခြင်းနှင့် ထိုးနှံခြင်းဆိုင်ရာဝန်ဆောင်မှုဖုန်းစင်တာ 092-687-5006
→ ဘိုကင်ယူချိန်၊ ကာကွယ်ဆေးထိုးနှံရမည့်နေရာတို့တွင်စစ်ဆေးမေးမြန်းခြင်းများရှိလာပါက အသုံးပြုနိုင်သောဖုန်းဖြင့် ဘာသာပြန်ပေးနိုင်မည့်ဝန်ဆောင်မှုဖြစ်ပါသည်။
ဖြေကြားပေးမည့်အချိန် အသီးသီးသောမြို့ရွာများ၏ဘိုကင်ယူရန်စင်တာ၊ ဆေးဝါးနှင့်ပတ်သက်သည့်အဖွဲ့အစည်း ၊မိမိကာကွယ်ဆေးထိုးနှံရမည့်နေရာ၏ဖွင့်ချိန်များပေပါ်မူတည်၍
လက်ခံဆောင်ရွက်ပေးသောဘာသာစကားအင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ထိုင်းဘာသာစကား၊ဗီယက်နမ်ဘာသာစကား၊အင်ဒိုနီးရှားဘာသာစကား၊ဖိလစ်ပိုင်ဘာသာစကား၊နီပေါဘာသာစကား၊ပေါ်တူဂီဘာသာစကား၊ပြင်သစ်ဘာသာစကား၊ဂျာမဏီဘာသာစကား၊အီတလီဘာသာစကား၊ရုရှားဘာသာစကား၊မလေးရှားဘာသာစကား၊မြန်မာဘာသာစကား၊ကမ္ဘောဒီးယားဘာသာစကား၊မွန်ဂိုဘာသာစကား၊သီရိလင်္ကာဘာသာစကား၊ဟင်ဒီ(ဟိန္ဒူ)ဘာသာစကား၊(စုစုပေါင်းဘာသာစကား အမျိုး၂၀)
လွယ်ကူရိုးရှင်းသောဂျပန်စကား~~ ကာကွယ်ဆေးရှင်းလင်းချက်
E:ワクチン接種証明書
အခြား(မြို့နယ်ရုံးတာဝန်ခံဌာန၊ ကျန်းမာရေး၊ဆေးဘက်ဆိုင်ရာယန္တရားနှင့်သက်ဆိုင်သူလူကြီးမင်းများပါးလုံးသို့ )
- (厚生労働省)外国語の予診票・説明書・接種のお知らせ例
- (栃木県国際交流協会)新型コロナウイルスワクチン接種会場用「多言語表示シート」
- (厚生労働省)新型コロナワクチンについて
- (全国保健所長会)保健行政窓口のための外国人対応の手引き 第2版
- (佐賀県)コロナワクチン予約・接種電話通訳サービス【2021年5月1日開設】
翻訳協力:佐賀ミャンマー留学生会(MOSA)、認定NPO法人地球市民の会
このページや動画の翻訳には、佐賀ミャンマー留学生会(MOSA)と、認定NPO法人地球市民の会の方々が休眠預金助成を受けて、ご協力くださいました。