[မြန်မာဘာသာ] နိုင်ငံခြားသားများထံသို့

いろいろな言語(げんご)で見(み)ることができます。クリックしてください ↓                                     

Available in different languages. Please click the button below ↓

日本語/にほんご 英語/English 中国語/中文 韓国語/한국어 ベトナム語/Tiếng Việt

タガログ語/Tagalog インドネシア語/Bahasa Indonesia ネパール語/नेपाली

ミャンマー語/မြန်မာဘာသာ タイ語/ภาษาไทย シンハラ語/සිංහල භාෂාව

ကိုရိုနာသတင်း : ကိုရိုနာကာကွယ်ဆေး

နောက်ဆုံး Update 2023年4月6日

  1. မြို့နယ်ရုံးနှင့် မြို့တော်ခန်းမ မှစာအိတ်ရောက်ရှိပါမည်။စာအိတ်ထဲတွင်အသိပေးစာ၊ပဏာမကျန်းမာရေးဆေးစစ်ချက်၊ကာကွယ်ဆေးထိုးနှံရမည့်လက်မှတ်(ကူပွန်လက်မှတ်)ပါရှိပါမည်။
  2. ဖုန်းအစရှိသဖြင့်တို့နှင့် ဘိုကင်လုပ်ရပါမည်။ဂျပန်ဘာသာဖြင့်ဘိုကင်လုပ်ရန်အခက်အခဲရှိပါက(ကိုရိုနာကာကွယ်ဆေးဘိုကင်လုပ်ရန်နှင့် ဖုန်းဘာသာပြန်ခြင်းဝန်ဆောင်မှု ) ၀၉၂-၆၈၇-၅၀၀၆သို့ဖုန်းဆက်၍နိုင်ငံခြားဘာသာစကားဖြင့်ဘိုကင်လုပ်နိုင်ပါသည်ကြိုတင်ရက်ချိန်းယူလိုပါက  အောက်ရှိ B ကို ကြည့်ပေးပါ။ 
  3. ၃။ကာကွယ်ဆေးထိုးရန်သတ်မှတ်ထားသောနေရာသို့သွားရောက်၍ကာကွယ်ထိုးရပါမည်။

 

က: ကိုရိုနာကာကွယ်ဆေးနှင့်ပတ်သက်သည့်အခြေခံသတင်းအချက်အလက်
▶ ကာကွယ်ဆေးထိုးရန်ကုန်ကျစရိတ်မှာအခမဲ့ဖြစ်ပါသည်။
▶ ဂျပန်တွင်နေထိုင်ကြောင်းလက်မှတ်ရှိသူသာအကျုံးဝင်ပါမည်။
▶ ကာကွယ်ဆေးထိုးနှံခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်တစ်ရပ်အဖြစ်မသတ်မှတ်ထားပါ။
▶ ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိပါက ဘိုကင်တင်ရန်လိုအပ်ပါသည်။
▶ ကာကွယ်ဆေးထိုးရမည့်နေ့သည် မိမိနေထိုင်သောမြို့ရွာနှင့်အသက်အရွယ်အပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။
 အောက်ပါအချက်ကိုကြည့်၍စစ်ဆေးနိုင်ပါသည်။
▶ ကာကွယ်ဆေးထိုးရမည့်နေရာတွင် ပုံစံ၂မျိုးသတ်မှတ်ထားပါသည်။
 ①၁၊ အဖွဲ့လိုက်ထိုးနှံခြင်း – ပြည်သူ့ခန်းမ၊ကျန်းမာရေးစင်တာအစရှိသည့်ကြီးမားသောအဆောက်အဦးများတွင်ပြုလုပ်ပါမည်။
 ②၂၊ တစ်ဦးချင်းထိုးနှံခြင်း – ဆေးရုံတွင်ပြုလုပ်ပါမည်။
 အဖွဲ့လိုက်ထိုးနှံခြင်းလား၊တစ်ဦးချင်းထိုးနှံခြင်းလားဆိုတာကတော့မိမိနေထိုင်သောမြို့ရွာပေါ်မူတည်၍ကွဲပြားပါမည်။
 အောက်တွင်ဖော်ပြထားသော Page မှတစ်ဆင့် စစ်ဆေးကြည့်ပါ။
▶ ယခုလက်ရှိထိုးနှံနိုင်မည့်ကာကွယ်ဆေးသည်  PFizer ကုမ္ပဏီနှင့် Moderna ကုမ္ပဏီ၊တခဲဒ ကုမ္ပဏီ(Novavax )ထုတ်ဖြစ်ပါသည်။ဖြစ်ပါသည်။(2022 ခုနှစ် 11လပိုင်းအချိန်ထိ)
▶ အစိုးရမှထုတ်ပြန်ထားသောကာကွယ်ဆေးနှင်ပတ်သက်သည့်အသေးစိတ်သတင်းအချက်အလက် ↓

 

A-2:ထပ်လောင်းထိုးနှံသောကာကွယ်ဆေးပက်သက်ပြီး(3ကြိမ်မြောက်မှစတင်၍ နောက်ပိုင်း) အသစ်
 ・ဂျပန်နိုင်ငံတွင်လည်းထပ်လောင်းထိုးနှံခြင်း(3ကြိမ်မြောက်နောက်ပိုင်း)ကိုရိုနာဗိုင်းရပ်စ်ထိုးနှံခြင်းများဆောင်ရွက်ပေးပါသည်။ 
 ・သက်မှတ်ချက်နှင့်ကိုက်ညီသူသည် ၅နှစ် သို့မဟုတ် ၅နှစ်အထက်လူ ဖြစ်ပြီး ယခင်အကြိမ် ကိုလိုနာကာကွယ်ဆေးထိုးပြီးသက်မှတ်အချိန် ကာလကို ကျော်လွန်ပြီးသူ ဖြစ်ရပါမည်။
  *PFizer  ကုမ္မဏီထုတ်ကာကွယ်ဆေး၊Moderna ကုမ္ပဏီထုတ်ကာကွယ်ဆေး:3နှင့်အထက်
  *Takeda ကုမ္မဏီ(Novavax )ထုတ်ကာကွယ်ဆေး:6နှင့်အထက်
 ・ကာကွယ်ဆေးအမျိုးအစားသည် (ပထမအကြိမ်နှင့်ဒုတိယအကြိမ်) ကာကွယ်ဆေးအမျိုးအစားများနှင့် ကွဲလွဲနိုင်ပါသည်။ 

 ・ထပ်တိုးကာကွယ်ဆေးတွင် Pfizerကုမ္မဏီနှင့် Modernaကုမ္မဏီ၏ omicronရောဂါပိုး တိုက်ဖျက်ရေးကာကွယ်ဆေးထိုးခြင်း 
သို့မဟုတ် Takedaကုမ္မဏီ(Novavax)ထုတ်ကာကွယ်ဆေးထိုးခြင်းကို ပြုလုပ်ပါမည်။

 ・ကာကွယ်ဆေးထပ်မံထိုးခြင်းသည် ၇-၅-၂၀၂၃တွင် တစ်ကြိမ် ပြီးမြောက်ခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် အသက် ၁၂နှစ်မှ၆၄နှစ်အရွယ် ပုံမှန်ကျန်းမာရေးကောင်းမွန်သူများက ထပ်တိုးကာကွယ်ဆေး ထိုးနိုင်သည့်အချိန်အား ၂၀၂၃ခုနှစ် ၉လပိုင်းမှစတင်မည့်အစီအစဉ်ဖြစ်ပါသည်။

ကိုးကား:

 
A-3:ကလေးသူငယ်ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပက်သက်ပြီး ( 5နှစ် ~ 11နှစ်) အသစ် 
・  5နှစ် ~ 11နှစ်ကလေးငယ်များလည်းကာကွယ်ဆေးထိုးနှံနိုင်ပါသည်။
・တစ်ကြိမ်မြောက်၊ နှစ်ကြိမ်ထိုးပြီး ၃လကာလကြာမြင့်သူ ကလေးငယ်များသည် ကာကွယ်ဆေးထပ်မံထိုးခြင်းအား ပြုလုပ်နိုင်ပါသည်။

・ထိုးနှံပေးမည့်ကာကွယ်​ဆေးမှာ PFizer  ကုမ္ပဏီထုတ် 5နှစ် ~ 11နှစ်ကလေးငယ်များအတွက်ဖြစ်ပါသည်။▶ အိမ်သို့ရောက်ရှိမည့်စာရွက်စာတမ်း( ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်အစရှိသဖြင့်)

ကိုးကား

 
A-4:(မီးဖွားပြီး6လမှ ~ 4နှစ်ကလေးငယ်များအား(မွေးကင်းစကလေးသူငယ်များ)နှင့်ပက်သက်သော    အသစ်
・မီးဖွားပြီး6လမှ ~ 4နှစ်ကလေးငယ်များလည်းကာကွယ်ဆေးထိုးနှံနိုင်ပါသည်။
・ကာကွယ်ဆေးထိုးနှံခြင်းမှာ( 3)ကြိမ်ထိုးပြီးမှ 1ကြိမ်ပြီးမြောက်သည်ဟုမှတ်ယူပါမည်။

・ထိုးနှံပေးမည့်ကာကွယ်​ဆေးမှာ PFizer  ကုမ္ပဏီထုတ် 6လ~ 4နှစ်ကလေးများအတွက်ဖြစ်ပါသည်။

ကိုးကား

 

A-5:ကာကွယ်ဆေးထိုးနှံရန်အတွက်လုပ်ဆောင်ရန်အဆင့်ဆင့်

▶အိမ်သို့ရောက်ရှိမည့်စာရွက်စာတမ်း( ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်အစရှိသဖြင့်)

သတ်မှတ်အရည်အချင်းပြည့်မှီသူများထံသို့မိမိနေထိုင်သောမြို့၊မြို့နယ်များမှ ကာကွယ်ဆေး ထိုးနှံရန်အတွက်စာရွက်စာတမ်းများ(ကာကွယ်ဆေးထိုးခွင့်လက်မှတ်၊ပဏာမဆေးစစ်လွှာ၊ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊ရှင်းလင်းချက်စာရွက်အစရှိသည်တို့)ပေးပို့ပါမည်။

ထပ်လောင်းကာကွယ်ဆေးထိုးနှံရာတွင်ကာကွယ်ဆေးထိုးခွင့်လက်မှတ်၊ပဏာမဆေးစစ်လွှာ၊ကာကွယ်ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ်၊များသည် ယခင် ပ၊ဒုအကြိမ်ကာကွယ်ဆေးထိုးနှံသည့်ဆောင်ရွက်ပုံများနှင့်ကွဲလွဲသည်များရှိပြီး
တစုတစည်းဖြစ်အောင်ပြုလုပ်ထားနိုင်ပါသည်။

ဥပမာအားဖြင့် ပဏာမဆေးစစ်လွှာတွင်ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်အတူပါရှိခြင်း၊ကာကွယ်ဆေးထိုးခွင့်လက်မှတ်နှင့် ကာကွယ်ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ်မှာစာရွက်တစ်ရွက်တည်းပေါ်တွင် အတူပုံနှိပ်ရိုက်ထားခြင်းများအစရှိသဖြင့်ရှိနိုင်ပါသည်။

ထပ်လောင်းကာကွယ်ဆေးထိုးနှံရန်အတွက်စာရွက်စာတမ်းများပါဝင်သောစာအိတ်၏အရောင်နှင့်အဆင်ဒီဇိုင်းသည် ယခင် ပ၊ဒုကြိမ်နှင့် ကွဲလွဲနိုင်ပါသည်။

 

▶ ကြိုတင်ရက်ချိန်းရယူခြင်း

ရက်ချိန်းသည် ကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်ရောက်ရှိပြီးမှ သာဆောင်ရွက်နိုင်ပါမည်။

ကြိုတင်ရက်ချိန်းယူခြင်းနည်းလမ်းသည်ပ၊ဒုကြိမ်တွင်ရယူခဲ့သောနည်းလမ်းများမှပြောင်းလဲနိုင်ပါသည်။ မိမိနေထိုင်သောမြို့၊မြို့နယ်အသီးသီး၏ ဝက်ဆိုဒ်တွင်သွားရောက်ကြည့်ရူခြင်း(သို့)မိမိနေထိုင်သောမြို့၊မြို့နယ်အသီးသီးသို့တိုက်ရိုက်စုံစမ်းမေးမြန်းပါ။ မိမိဘာသာဆက်သွယ်မေးမြန်းရန်အခက်အခဲရှိပါက Saga ယဉ်ကျေးမူပေါင်းစုံဖလှယ်ရေးစင်တာသို့အကြောင်းကြားပါ။

 

▶ သတိပြုရန်

ပ၊ဒုအကြိမ်ကိုရိုနာကာကွယ်ဆေးထိုးနှံပြီးနောက် မတူညီသည့်မြို့၊မြို့နယ်များသို့ပြောင်းရွေ့သွားသည့်လူထံသို့ထပ်လောင်းကာကွယ်ဆေးထိုးနှံခွင့်လက်မှတ်ရောက်ရှိမည်မဟုတ်ပါ။ မိမိဘာသာ အသစ်ပြောင်းရွှေ့ရောက်ရှိနေသောမြို့၊မြို့နယ်ရုံးတွင်စုံစမ်းမေးမြန်းရန်လိုအပ်ပါသည်။ မိမိဘာသာဆက်သွယ်မေးမြန်းရန်အခက်အခဲရှိပါက Saga ယဉ်ကျေးမူပေါင်းစုံဖလှယ်ရေးစင်တာသို့အကြောင်းကြားပါ။

 

ခ။ အသိပေးအကြောင်းကြားစာ ၊ ဘိုကင်လုပ်ခြင်းနှင့်ပတ်သက်၍

 

ဂ။ နိုင်ငံခြားဘာသာစကားဆွေးနွေးနိုင်သောနေရာ (ဖုန်းနပါတ်နေရာကိုနှိပ်လိုက်ပါက ဖုန်းပြော၍တိုင်ပင်နိုင်ပါသည်။)

ဖြေကြားပေးနိုင်မည့်ဘာသာစကားများ ဂျပန်ဘာသာ၊အဂ်လိပ်ဘာသာ၊ တရုတ်ဘာသာ၊ကိုရီးယားဘာသာ၊ ပေါ်တူဂီဘာသာ၊စပိန်     ဘာသာ၉:၀၀-၂၁:၀၀

ထိုင်းဘာသာစကား ၉:၀၀-၁၈:၀၀ ဗီယက်နမ်ဘာသာစကား ၁၀:၀၀-၁၉:၀၀

 

  • Saga ခရိုင် -အကြံပေး ၊ ဆွေးနွေးရာစင်တာ 092-687-5535

 → ကိုရိုနာဟုသံသယရှိလာပါက ဘယ်လိုဆက်လုပ်ရမည်ဆိုသည်ကို လမ်းညွှန်ပြောပြပေးပါမည်။)

ဆက်သွယ်နိုင်မည့်အချိန် 24時間(じかん)

လက်ခံဆောင်ရွက်ပေး သောဘာသာစကားအင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ထိုင်းဘာသာစကား၊ဗီယက်နမ် ဘာသာစကား၊အင်ဒိုနီးရှားဘာသာစကား၊ဖိလစ်ပိုင်ဘာသာစကား၊နီပေါဘာသာစကား၊ပေါ်တူဂီဘာသာစကား၊ပြင်သစ်ဘာသာစကား၊ဂျာမဏီဘာသာစကား၊အီတလီဘာသာစကား၊ရုရှားဘာသာစကား၊မလေးရှားဘာသာစကား၊မြန်မာဘာသာစကား၊ကမ္ဘောဒီးယားဘာသာစကား၊မွန်ဂိုဘာသာစကား၊သီရိလင်္ကာဘာသာစကား၊ဟင်ဒီ(ဟိန္ဒူ)ဘာသာစကား၊(စုစုပေါင်းဘာသာစကား အမျိုး၂၀)

 

 → ကာကွယ်ဆေး၏ကောင်းကျိုး၊ဘေးထွက်ဆိုးကျိုးအစရှိသည့်တို့အားရှင်းပြပါမည်။

ဆက်သွယ်နိုင်မည့်အချိန် ၈:၃၀-၁၇:၀၀

လက်ခံဆောင်ရွက်ပေး သောဘာသာစကားအင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ထိုင်းဘာသာစကား၊ဗီယက်နမ်ဘာသာစကား၊အင်ဒိုနီးရှားဘာသာစကား၊ဖိလစ်ပိုင်ဘာသာစကား၊နီပေါဘာသာစကား၊ပေါ်တူဂီဘာသာစကား၊ပြင်သစ်ဘာသာစကား၊ဂျာမဏီဘာသာစကား၊အီတလီဘာသာစကား၊ရုရှားဘာသာစကား၊မလေးရှားဘာသာစကား၊မြန်မာဘာသာစကား၊ကမ္ဘောဒီးယားဘာသာစကား၊မွန်ဂိုဘာသာစကား၊သီရိလင်္ကာဘာသာစကား၊ဟင်ဒီ(ဟိန္ဒူ)ဘာသာစကား၊(စုစုပေါင်းဘာသာစကား အမျိုး၂၀)

 

  • (Saga ခရိုင်) ကိုရိုနာကာကွယ်ဆေး ဘိုကင်တင်ခြင်းနှင့် ထိုးနှံခြင်းဆိုင်ရာဝန်ဆောင်မှုဖုန်းစင်တာ 092-687-5006

​→ ဘိုကင်ယူချိန်၊ ကာကွယ်ဆေးထိုးနှံရမည့်နေရာတို့တွင်စစ်ဆေးမေးမြန်းခြင်းများရှိလာပါက အသုံးပြုနိုင်သောဖုန်းဖြင့် ဘာသာပြန်ပေးနိုင်မည့်ဝန်ဆောင်မှုဖြစ်ပါသည်။

​ဖြေကြားပေးမည့်အချိန် အသီးသီးသောမြို့ရွာများ၏ဘိုကင်ယူရန်စင်တာ၊ ဆေးဝါးနှင့်ပတ်သက်သည့်အဖွဲ့အစည်း ၊မိမိကာကွယ်ဆေးထိုးနှံရမည့်နေရာ၏ဖွင့်ချိန်များပေပါ်မူတည်၍

လက်ခံဆောင်ရွက်ပေးသောဘာသာစကားအင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ထိုင်းဘာသာစကား၊ဗီယက်နမ်ဘာသာစကား၊အင်ဒိုနီးရှားဘာသာစကား၊ဖိလစ်ပိုင်ဘာသာစကား၊နီပေါဘာသာစကား၊ပေါ်တူဂီဘာသာစကား၊ပြင်သစ်ဘာသာစကား၊ဂျာမဏီဘာသာစကား၊အီတလီဘာသာစကား၊ရုရှားဘာသာစကား၊မလေးရှားဘာသာစကား၊မြန်မာဘာသာစကား၊ကမ္ဘောဒီးယားဘာသာစကား၊မွန်ဂိုဘာသာစကား၊သီရိလင်္ကာဘာသာစကား၊ဟင်ဒီ(ဟိန္ဒူ)ဘာသာစကား၊(စုစုပေါင်းဘာသာစကား အမျိုး၂၀)

 

လွယ်ကူရိုးရှင်းသောဂျပန်စကား~~ ကာကွယ်ဆေးရှင်းလင်းချက်

E:ワクチン接種証明書
 
အခြား(မြို့နယ်ရုံးတာဝန်ခံဌာန၊ ကျန်းမာရေး၊ဆေးဘက်ဆိုင်ရာယန္တရားနှင့်သက်ဆိုင်သူလူကြီးမင်းများပါးလုံးသို့ )

 

翻訳協力:佐賀ミャンマー留学生会(MOSA)、認定NPO法人地球市民の会

このページや動画の翻訳には、佐賀ミャンマー留学生会(MOSA)と、認定NPO法人地球市民の会の方々が休眠預金助成を受けて、ご協力くださいました。