[မြန်မာဘာသာ] ကိုရိုနာသတင်းအချက်အလက်: ကာကွယ်ဆေးထိုးနှံခြင်းအသိပေးစာ၊ ကြိုတင်ရက်ချိန်းယူရယူခြင်း၊ဆေးထိုးနှံခြင်း

いろいろな言語(げんご)で見(み)ることができます。クリックしてください ↓                                    

Available in different languages. Please click the button below ↓

日本語/にほんご 英語/English 中国語/中文 韓国語/한국어 ベトナム語/Tiếng Việt

タガログ語/Tagalog インドネシア語/Bahasa Indonesia ネパール語/नेपाली

ミャンマー語/မြန်မာဘာသာ タイ語/ภาษาไทย シンハラ語/සිංහල භාෂාව

နောက်ဆုံး Update 2022年12月19日

Saga ခရိုင်အတွင်းရှိ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးခြင်းနှင့်ပက်သက်၍

ဗီဒီယို (1) ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးရန် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာ အဆင့်ဆင့်။
ဘာသာစကားပေါင်းများစွာ ဖြင့်ဘာသာပြန်စာတန်းထိုးထည့်ပေးထားပါသည်။ YouTube ၏ဘာသာပြန်စာတန်းထိုး Setting နေရာမှ တစ်ဆင့်မိိမ နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်ပါ။

 
ဗီဒီယို (2) ကြိုတင်ရက်ချိန်းစာရင်းပေးရန် နည်းလမ်းနှင့် မိမိ ခန္ဓာကိုယ် အခြေအနေ (ကိုယ်အပူချိန် ၊ကိုယ်အလေးချိန်၊ ဆီး၊ ဝမ်း၊ ယခင်ဖြစ်ခဲ့ဖူးသော ရောဂါ၊ ယခု လက်ရှိ ခံစားရသော ရောဂါ ရှိ/မရှိ)အားဖြည့်ပုံ ဖြည့်နည်း
 

1.မြို့နယ်၊ရပ်ကွက်ရုံးများမှ အိမ်သို့စာအိတ်ရောက်လာပါမည်။ အကြောင်းကြားစာ၊ ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ၊ ကာကွယ် ထိုးနှံခွင့်လက်မှတ်များအတူထည့်ပေးထားပါတယ်။

 စာအိတ်အရောင်၊ပုံပန်းသဏ္ဍန်က သင်နေထိုင်မြို့နယ်ပေါ်မူတည်ပြီးကွဲပြားပါသည်။ 1-1 ကို ကြည့်ပြီး စစ်ဆေးပါ။ စာအိတ်အတွင်းတွင် ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ၊ ကာကွယ် ဆေးထိုးနှံခွင့်လက်မှတ်များအတူထည့်ပေးထားပါတယ်။1-2နှင့် 1-3ကိုကြည့်ပြီးစစ်ဆေးပါ။ စာအိတ်ထဲတွင်ပါသောအရာသည် ကာကွယ်ဆေးထိုးသည့်အခါ လိုအပ်သောကြောင့်မပျောက်အောင်အထူးသတိပြုပါ။

1-1 ကာကွယ်ဆေးထိုးခြင်းအသိပေးစာအိတ် Click လိုက်ပါကဓာတ်ပုံဆိုဒ် ကြီးလာပါမည်။

1-2 ကာကွယ်ဆေးထိုးခြင်းလက်မှတ်/ကူပွန်လက်မှတ်

ကာကွယ်ဆေးထိုးခွင့်လက်မှတ်ဖြစ်ပါတယ်။ လွှင့်ပစ်ခြင်း၊ဖျောက်ပစ်ခြင်းများမလုပ်ရပါ။

   (ကိုးကား)ကျန်းမာရေးနှင့်အလုပ်သမားဝန်ကြီးဌာန ကာကွယ်ဆေး Navi

1-3 ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ Click လိုက်ပါကဓာတ်ပုံဆိုဒ် ကြီးလာပါမည်။

ကာကွယ်ဆေးထိုးသည့်အခါလိုအပ်သောကြောင့် လွှင့်ပစ်ခြင်း၊ဖျောက်ပစ်ခြင်းများမလုပ်ရပါ။ ဂျပန်ဘာသာစကားဖြင့်ဖေါ်ပြထားပါသည်။

※ ဂျပန်ဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ အားနားမလည်ပါက အောက်ပါ Link မှ နိုင်ငံခြားဘာသာစကား ဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ အား Download ရယူပါ။

※ နိုင်ငံခြားဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ တွင်ဖြည့်စွက်ရေးသားခြင်းများပြုလုပ်၍မရနိုင်ပါ။ နိုင်ငံခြားဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ အားကြည့်ရှု၍ဂျပန်ဘာသာစကားဖြင့်ရေးသားထားသော ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာတွင် ရေးဖြည့်ပေးပါ။

2.ဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူမည်။

ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိသူသည် ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။ရက်ချိန်းရယူရန်နည်းလမ်းများသည် မိမိနေထိုင်သော မြို့နယ်ပေါ်မူတည်ပြီးမတူညီကြပါ။ အောက်တွင်ဖေါ်ပြထားသောမြို့၊မြို့နယ်ရုံး၏ဝက်ဆိုဒ်တွင် ကြည့်ရှုစစ်ဆေးပေးပါ။

ကာကွယ်ဆေးထိုးနှံပေးမည့်နေရာသည်အဖွဲ့လိုက်ထိုးပေးခြင်းနှင့် တစ်ဦးချင်းစီထိုးပေးခြင်းဟူ၍ (2)မျိုးရှိပါသည်။ အဖွဲ့လိုက်ထိုးပေးခြင်းမှာ ပြည်သူ့ရေးရာအဆောက်အအုံ၊ကျန်းမာရေးစင်တာအစရှိသည့်ကြီးမားသောအဆောက်အအုံများတွင်ဆောင်ရွက်ပေးပြီး၊ တစ်ဥိးချင်းဖြစ်ပါက ဆေးရုံများတွင် တစ်ဦးစီအလှည့်ကျဆောင်ရွက်ပေးပါသည်။ အဖွဲ့လိုက်ထိုးပေးခြင်း (သို့) တစ်ဦးချင်းထိုးပေးခြင်းမည့်သည့်ပုံစံဖြင့်ဆောင်ရွက်မည်ဆိုသည်မှာ မြို့နယ်အလိုက်မတူညီကြပါ။ နည်းလမ်း (2) မျိုး လုံးအသုံးပြုသောမြို့နယ်များလည်းရှိပါသည်။ အောက်တွင်ဖေါ်ပြထားသောမြို့၊မြို့နယ်ရုံး၏ဝက်ဆိုဒ်တွင် ကြည့်ရှုစစ်ဆေးပေးပါ။

 ဂျပန်စကားဖြင့်ကာကွယ်ဆေးထိုးနှံခြင်းကြိုတင်ရက်ချိန်းရယူရန်ခက်ခဲမူရှိပါက ( ကိုရိုနာ ကာကွယ်ဆေးကြိုတင်ရက်ချိန်းရယူခြင်း၊ ထိုးနှံခြင်းများအားဖုန်းဖြင့်စကားပြန်ဆောင်ရွက်ပေးသည့်ဝန်ဆောင်မူCOVID-19 Vaccination Appointment and Interpretation Hotline ) ရယူရန်ဖုန်းဆက်နိုင်ပါသည်။ ဘာသာစကားပေါင်း(21)မျိုးဖြင့်ဖုန်းဆက်ပြောဆိုနိုင်သည့်အခမဲ့ စကားပြန်ပေးသည့်ဝန်ဆောင်မူဖြစ်ပါသည်။ 

 
မြို့နယ်အသီးသီး၏ကာကွယ်ဆေးထိုးနှံခြင်းနှင့်သက်ဆိုင်သောစာမျက်နှာ
 

佐賀市(さがし) | Saga 唐津市(かしまし) | Karatsu 鳥栖市(とすし) | Tosu 

多久市(たくし) | Taku 伊万里市(いまりし) | Imari 武雄市(たけおし) | Takeo 

鹿島市(かしまし) | Kashima 小城市(おぎし) | Ogi 嬉野市(うれしのし) | Ureshino 

神埼市(かんざきし) | Kanzaki 吉野ヶ里町(よしのがりちょう) | Yoshinogari 

基山町(きやまちょう) | Kiyama 上峰町(かみみねちょう) | Kamimine 

みやき町 (みやきちょう)| Miyaki 玄海町(げんかいちょう) | Genkai 

大町町(おおまちちょう) | Omachi 江北町 (こうほくまち)| Kouhoku 

白石町(しろいしちょう) | Shiroishi 有田町(ありたちょう) | Arita 太良町(たらちょう) | Tara

3.မိမိ ခန္ဓာကိုယ် အခြေအနေ (ကိုယ်အပူချိန် ၊ကိုယ်အလေးချိန်၊ ဆီး၊ ဝမ်း၊ ယခင်ဖြစ်ခဲ့ဖူးသော ရောဂါ၊ ယခု လက်ရှိ ခံစားရသော ရောဂါ ရှိ/မရှိ) ရေးမည်။

 
※နိုင်ငံခြားဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ တွင်ဖြည့်စွက်ရေးသားခြင်းများပြုလုပ်၍မရနိုင်ပါ။ နိုင်ငံခြားဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ အားကြည့်ရှု၍ဂျပန်ဘာသာစကားဖြင့်ရေးသားထားသော ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာတွင် ရေးဖြည့်ပေးပါ။

 

ဖြစ်ပွါးခဲ့ဖူးသောရောဂါမှတ်တမ်းရာဇဝင်နှင့်လက်ရှိကျန်းမာရေးအခြေအနေအားရေးရန်အတွက် ဝေါဟာရများ
မိမိကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့် ကြည့်ရှုနိုင်ပါသည်။ Sheet ကို နှိပ်လိုက်ပါ

4. ကြိုတင်ရက်ချိန်ယူထားသော နေ့ရက်၊အချိန်တွင် ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ ကာကွယ်ဆေးထိုးခံရပါမည်။

 ကြိုတင်ရက်ချိန်ယူထားသောနေ့ရက်၊အချိန်တွင် ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ သွားရပါမည်။ အချိန်နောက်ကျခြင်း၊ မတူညီသောနေ့ရက်များတွင်သွားရောက်ပါက ကာကွယ်ဆေးထိုးနှံပေးမည်မဟုတ်ပါ။အထူး(အထူး)သတိပြုဖို့လိုအပ်ပါသည်။

4-1.ယူဆောင်သွားရမည့်အရာ

ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ ၊ကာကွယ်ဆေးထိုးခွင့်လက်မှတ် ၊ ကာယကံရှင်အတည်ပြုကဒ်(သို့)စာရွက်စာတမ်း( ယာဉ်မောင်းလိုင်စင်၊ ကျန်းမာရေးအာမခံကဒ် အစရှိသဖြင့်)

※ကလေးသူငယ်ကာကွယ်ဆေး(5〜11နှစ်)၊မီးဖွားပြီးကလေးကာကွယ်ဆေး(6လ〜4နှစ်)ထိုးမည့် သူများသည်အတတ်နိုင်ဆုံးကလေးမိခင်ကျန်းမာရေးမှတ်တမ်းစာအုပ်ပါယူဆောင်လာပေးရန်ဖြစ်ပါသည်။

※မြို့နယ်ပေါ်မူတည်ပြီး အခြားယူဆောင်ဖို့ရန်လိုအပ်သောအရာများရှိကောင်းရှိနိုင်သည့်အတွက် မိမိနေထိုင်ရာ မြို့နယ်အသီးသီး၏ Website များ တွင် သွားရောက်ကြည့်ရှုပါ။ အခက်အခဲရှိပါက Saga ခရိုင်နိုင်ငံတကာချစ်ကြည်ရင်းနှီးမူဖလှယ်ရေးအဖွဲ့အစည်းဆီ ဆက်သွယ်နိုင်ပါသည်။

4-2.သတိပြုရန်
  • ကာကွယ်ဆေးထိုးနှံပေးမည့်နေရာသို့ နှာခေါင်းစည်းတပ်၍သွားပါ။
  • ကာကွယ်ဆေးသည် လက်မောင်းအပေါ်ပိုင်းသို့ထိုးမည်ဖြစ်သောကြောင့် ဆေးထိုးခံရမည့်နေ့တွင်လက်မောင်းထုတ်ရလွယ်သည့်အဝတ်အစားဝတ်ဆင်၍ သွားပါ။
  • တစ်နှစ်မပြည့်သေးသောကလေးသူငယ်ဖြစ်ပါက ကလေးငယ်၏ပေါင်တွင်ထိုးနှံပါမည်။ပေါင်အားအလွယ်တကူမြင်သာအောင်ပြပေးနိုင်သည့်အဝတ်အစားကိုဝတ်ဆင်ပြီးလာရောက်ပေးရန်ဖြစ်ပါသည်။
  • ယူဆောင်သွားရမည့်အရာများအားမေ့ကျန်ခဲ့ပါက ကြိုတင်ရင်ချိန်းယူထားသော နေ့ရက်အချိန်တွင် ကာကွယ်ဆေးထိုးနှံပေးမည့်နေရာသို့သွားပါသော်လည်း ထိုးနှံခွင့်မရသည့်အခါမျိုးရှိတတ်ပါသည်။ မမေ့အောင်အထူးသတိပြုပါ။
 
4-3.ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတွင်စကားပြန်ပေးခြင်းလိုအပ်သည့်အခါ

ကာကွယ်ဆေးမထိုးတာဝန်ရှိသူမှ ကာကွယ်ဆေးထိုးနှံရန်ဆောင်ရွက်မည့်အဆင့်ဆင့်၊ကျန်းမားရေးအခြေအနေအစရှိသည်တို့အားမေးမြန်းပါမည်။ အဆိုပါတာဝန်ရှိဝန်ထမ်းနှင့်ဂျပန်စကားဖြင့်ပြောဆိုရာ၌အခက်အခဲရှိပါက( ကိုရိုနာ ကာကွယ်ဆေးကြိုတင်ရက်ချိန်းရယူခြင်း၊ ထိုးနှံခြင်းများအားဖုန်းဖြင့်စကားပြန်ဆောင်ရွက်ပေးသည့်ဝန်ဆောင်မူCOVID-19 Vaccination Appointment and Interpretation Hotline ) ရယူရန်ဖုန်းဆက်နိုင်ပါသည်။ ဘာသာစကားပေါင်း(21)မျိုးဖြင့်ဖုန်းဆက်ပြောဆိုနိုင်သည့်အခမဲ့ စကားပြန်ပေးသည့်ဝန်ဆောင်မူဖြစ်ပါသည်။ သင်နှင့်တာဝန်ရှိသူဝန်ထမ်းကြားတွင်ဖုန်းဖြင့် စကားပြန်ခြင်းအားအခမဲ့ကူညီဆောင်ရွက်ပေးပါမည်။

 

翻訳協力:佐賀ミャンマー留学生会(MOSA)、認定NPO法人地球市民の会

このページや動画の翻訳には、佐賀ミャンマー留学生会(MOSA)と、認定NPO法人地球市民の会の方々が休眠預金助成を受けて、ご協力くださいました。