いろいろな言語(げんご)で見(み)ることができます。クリックしてください ↓
Available in different languages. Please click the button below ↓
日本語/にほんご 英語/English 中国語/中文 韓国語/한국어 ベトナム語/Tiếng Việt
タガログ語/Tagalog インドネシア語/Bahasa Indonesia ネパール語/नेपाली
ミャンマー語/မြန်မာဘာသာ タイ語/ภาษาไทย シンハラ語/සිංහල භාෂාව
နောက်ဆုံး Update 2022年12月19日
Saga ခရိုင်အတွင်းရှိ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးခြင်းနှင့်ပက်သက်၍
1.မြို့နယ်၊ရပ်ကွက်ရုံးများမှ အိမ်သို့စာအိတ်ရောက်လာပါမည်။ အကြောင်းကြားစာ၊ ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ၊ ကာကွယ် ထိုးနှံခွင့်လက်မှတ်များအတူထည့်ပေးထားပါတယ်။
စာအိတ်အရောင်၊ပုံပန်းသဏ္ဍန်က သင်နေထိုင်မြို့နယ်ပေါ်မူတည်ပြီးကွဲပြားပါသည်။ 1-1 ကို ကြည့်ပြီး စစ်ဆေးပါ။ စာအိတ်အတွင်းတွင် ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ၊ ကာကွယ် ဆေးထိုးနှံခွင့်လက်မှတ်များအတူထည့်ပေးထားပါတယ်။1-2နှင့် 1-3ကိုကြည့်ပြီးစစ်ဆေးပါ။ စာအိတ်ထဲတွင်ပါသောအရာသည် ကာကွယ်ဆေးထိုးသည့်အခါ လိုအပ်သောကြောင့်မပျောက်အောင်အထူးသတိပြုပါ။
1-1 ကာကွယ်ဆေးထိုးခြင်းအသိပေးစာအိတ် Click လိုက်ပါကဓာတ်ပုံဆိုဒ် ကြီးလာပါမည်။
1-2 ကာကွယ်ဆေးထိုးခြင်းလက်မှတ်/ကူပွန်လက်မှတ်
ကာကွယ်ဆေးထိုးခွင့်လက်မှတ်ဖြစ်ပါတယ်။ လွှင့်ပစ်ခြင်း၊ဖျောက်ပစ်ခြင်းများမလုပ်ရပါ။
(ကိုးကား)ကျန်းမာရေးနှင့်အလုပ်သမားဝန်ကြီးဌာန ကာကွယ်ဆေး Navi
1-3 ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ Click လိုက်ပါကဓာတ်ပုံဆိုဒ် ကြီးလာပါမည်။
ကာကွယ်ဆေးထိုးသည့်အခါလိုအပ်သောကြောင့် လွှင့်ပစ်ခြင်း၊ဖျောက်ပစ်ခြင်းများမလုပ်ရပါ။ ဂျပန်ဘာသာစကားဖြင့်ဖေါ်ပြထားပါသည်။
※ ဂျပန်ဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ အားနားမလည်ပါက အောက်ပါ Link မှ နိုင်ငံခြားဘာသာစကား ဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ အား Download ရယူပါ။
※ နိုင်ငံခြားဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ တွင်ဖြည့်စွက်ရေးသားခြင်းများပြုလုပ်၍မရနိုင်ပါ။ နိုင်ငံခြားဘာသာစကားဖြင့်ရေးသားထားသောရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ အားကြည့်ရှု၍ဂျပန်ဘာသာစကားဖြင့်ရေးသားထားသော ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာတွင် ရေးဖြည့်ပေးပါ။
2.ဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူမည်။
ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိသူသည် ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။ရက်ချိန်းရယူရန်နည်းလမ်းများသည် မိမိနေထိုင်သော မြို့နယ်ပေါ်မူတည်ပြီးမတူညီကြပါ။ အောက်တွင်ဖေါ်ပြထားသောမြို့၊မြို့နယ်ရုံး၏ဝက်ဆိုဒ်တွင် ကြည့်ရှုစစ်ဆေးပေးပါ။
ကာကွယ်ဆေးထိုးနှံပေးမည့်နေရာသည်အဖွဲ့လိုက်ထိုးပေးခြင်းနှင့် တစ်ဦးချင်းစီထိုးပေးခြင်းဟူ၍ (2)မျိုးရှိပါသည်။ အဖွဲ့လိုက်ထိုးပေးခြင်းမှာ ပြည်သူ့ရေးရာအဆောက်အအုံ၊ကျန်းမာရေးစင်တာအစရှိသည့်ကြီးမားသောအဆောက်အအုံများတွင်ဆောင်ရွက်ပေးပြီး၊ တစ်ဥိးချင်းဖြစ်ပါက ဆေးရုံများတွင် တစ်ဦးစီအလှည့်ကျဆောင်ရွက်ပေးပါသည်။ အဖွဲ့လိုက်ထိုးပေးခြင်း (သို့) တစ်ဦးချင်းထိုးပေးခြင်းမည့်သည့်ပုံစံဖြင့်ဆောင်ရွက်မည်ဆိုသည်မှာ မြို့နယ်အလိုက်မတူညီကြပါ။ နည်းလမ်း (2) မျိုး လုံးအသုံးပြုသောမြို့နယ်များလည်းရှိပါသည်။ အောက်တွင်ဖေါ်ပြထားသောမြို့၊မြို့နယ်ရုံး၏ဝက်ဆိုဒ်တွင် ကြည့်ရှုစစ်ဆေးပေးပါ။
ဂျပန်စကားဖြင့်ကာကွယ်ဆေးထိုးနှံခြင်းကြိုတင်ရက်ချိန်းရယူရန်ခက်ခဲမူရှိပါက ( ကိုရိုနာ ကာကွယ်ဆေးကြိုတင်ရက်ချိန်းရယူခြင်း၊ ထိုးနှံခြင်းများအားဖုန်းဖြင့်စကားပြန်ဆောင်ရွက်ပေးသည့်ဝန်ဆောင်မူCOVID-19 Vaccination Appointment and Interpretation Hotline ) ရယူရန်ဖုန်းဆက်နိုင်ပါသည်။ ဘာသာစကားပေါင်း(21)မျိုးဖြင့်ဖုန်းဆက်ပြောဆိုနိုင်သည့်အခမဲ့ စကားပြန်ပေးသည့်ဝန်ဆောင်မူဖြစ်ပါသည်။
佐賀市(さがし) | Saga 唐津市(かしまし) | Karatsu 鳥栖市(とすし) | Tosu
多久市(たくし) | Taku 伊万里市(いまりし) | Imari 武雄市(たけおし) | Takeo
鹿島市(かしまし) | Kashima 小城市(おぎし) | Ogi 嬉野市(うれしのし) | Ureshino
神埼市(かんざきし) | Kanzaki 吉野ヶ里町(よしのがりちょう) | Yoshinogari
基山町(きやまちょう) | Kiyama 上峰町(かみみねちょう) | Kamimine
みやき町 (みやきちょう)| Miyaki 玄海町(げんかいちょう) | Genkai
大町町(おおまちちょう) | Omachi 江北町 (こうほくまち)| Kouhoku
白石町(しろいしちょう) | Shiroishi 有田町(ありたちょう) | Arita 太良町(たらちょう) | Tara
3.မိမိ ခန္ဓာကိုယ် အခြေအနေ (ကိုယ်အပူချိန် ၊ကိုယ်အလေးချိန်၊ ဆီး၊ ဝမ်း၊ ယခင်ဖြစ်ခဲ့ဖူးသော ရောဂါ၊ ယခု လက်ရှိ ခံစားရသော ရောဂါ ရှိ/မရှိ) ရေးမည်။
4. ကြိုတင်ရက်ချိန်ယူထားသော နေ့ရက်၊အချိန်တွင် ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ ကာကွယ်ဆေးထိုးခံရပါမည်။
ကြိုတင်ရက်ချိန်ယူထားသောနေ့ရက်၊အချိန်တွင် ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ သွားရပါမည်။ အချိန်နောက်ကျခြင်း၊ မတူညီသောနေ့ရက်များတွင်သွားရောက်ပါက ကာကွယ်ဆေးထိုးနှံပေးမည်မဟုတ်ပါ။အထူး(အထူး)သတိပြုဖို့လိုအပ်ပါသည်။
4-1.ယူဆောင်သွားရမည့်အရာ
ရောဂါရာဇဝင်ဆေးမှတ်တမ်းမေးခွန်းလွှာ ၊ကာကွယ်ဆေးထိုးခွင့်လက်မှတ် ၊ ကာယကံရှင်အတည်ပြုကဒ်(သို့)စာရွက်စာတမ်း( ယာဉ်မောင်းလိုင်စင်၊ ကျန်းမာရေးအာမခံကဒ် အစရှိသဖြင့်)
※ကလေးသူငယ်ကာကွယ်ဆေး(5〜11နှစ်)၊မီးဖွားပြီးကလေးကာကွယ်ဆေး(6လ〜4နှစ်)ထိုးမည့် သူများသည်အတတ်နိုင်ဆုံးကလေးမိခင်ကျန်းမာရေးမှတ်တမ်းစာအုပ်ပါယူဆောင်လာပေးရန်ဖြစ်ပါသည်။
※မြို့နယ်ပေါ်မူတည်ပြီး အခြားယူဆောင်ဖို့ရန်လိုအပ်သောအရာများရှိကောင်းရှိနိုင်သည့်အတွက် မိမိနေထိုင်ရာ မြို့နယ်အသီးသီး၏ Website များ တွင် သွားရောက်ကြည့်ရှုပါ။ အခက်အခဲရှိပါက Saga ခရိုင်နိုင်ငံတကာချစ်ကြည်ရင်းနှီးမူဖလှယ်ရေးအဖွဲ့အစည်းဆီ ဆက်သွယ်နိုင်ပါသည်။
4-2.သတိပြုရန်
- ကာကွယ်ဆေးထိုးနှံပေးမည့်နေရာသို့ နှာခေါင်းစည်းတပ်၍သွားပါ။
- ကာကွယ်ဆေးသည် လက်မောင်းအပေါ်ပိုင်းသို့ထိုးမည်ဖြစ်သောကြောင့် ဆေးထိုးခံရမည့်နေ့တွင်လက်မောင်းထုတ်ရလွယ်သည့်အဝတ်အစားဝတ်ဆင်၍ သွားပါ။
- တစ်နှစ်မပြည့်သေးသောကလေးသူငယ်ဖြစ်ပါက ကလေးငယ်၏ပေါင်တွင်ထိုးနှံပါမည်။ပေါင်အားအလွယ်တကူမြင်သာအောင်ပြပေးနိုင်သည့်အဝတ်အစားကိုဝတ်ဆင်ပြီးလာရောက်ပေးရန်ဖြစ်ပါသည်။
- ယူဆောင်သွားရမည့်အရာများအားမေ့ကျန်ခဲ့ပါက ကြိုတင်ရင်ချိန်းယူထားသော နေ့ရက်အချိန်တွင် ကာကွယ်ဆေးထိုးနှံပေးမည့်နေရာသို့သွားပါသော်လည်း ထိုးနှံခွင့်မရသည့်အခါမျိုးရှိတတ်ပါသည်။ မမေ့အောင်အထူးသတိပြုပါ။
4-3.ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတွင်စကားပြန်ပေးခြင်းလိုအပ်သည့်အခါ
ကာကွယ်ဆေးမထိုးတာဝန်ရှိသူမှ ကာကွယ်ဆေးထိုးနှံရန်ဆောင်ရွက်မည့်အဆင့်ဆင့်၊ကျန်းမားရေးအခြေအနေအစရှိသည်တို့အားမေးမြန်းပါမည်။ အဆိုပါတာဝန်ရှိဝန်ထမ်းနှင့်ဂျပန်စကားဖြင့်ပြောဆိုရာ၌အခက်အခဲရှိပါက( ကိုရိုနာ ကာကွယ်ဆေးကြိုတင်ရက်ချိန်းရယူခြင်း၊ ထိုးနှံခြင်းများအားဖုန်းဖြင့်စကားပြန်ဆောင်ရွက်ပေးသည့်ဝန်ဆောင်မူCOVID-19 Vaccination Appointment and Interpretation Hotline ) ရယူရန်ဖုန်းဆက်နိုင်ပါသည်။ ဘာသာစကားပေါင်း(21)မျိုးဖြင့်ဖုန်းဆက်ပြောဆိုနိုင်သည့်အခမဲ့ စကားပြန်ပေးသည့်ဝန်ဆောင်မူဖြစ်ပါသည်။ သင်နှင့်တာဝန်ရှိသူဝန်ထမ်းကြားတွင်ဖုန်းဖြင့် စကားပြန်ခြင်းအားအခမဲ့ကူညီဆောင်ရွက်ပေးပါမည်။
翻訳協力:佐賀ミャンマー留学生会(MOSA)、認定NPO法人地球市民の会
このページや動画の翻訳には、佐賀ミャンマー留学生会(MOSA)と、認定NPO法人地球市民の会の方々が休眠預金助成を受けて、ご協力くださいました。